{title}

Please Select a Language.

    ကိုးရီးယား မိုဘိုင်း ဖုန်းဘေလ်ဖြည့်ခြင်းအတွက် thePAY

    • အသုံးပြုသူများဆီမှအကြံပြုချက်များဖြင့် thePAY App ကိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း

      thePAY ကတော့ အသုံးပြုသူများရဲ့ အမျိုးမျိုးသောအကြံပြုချက်များနှင့် ပိုအဆင်ပြေတဲ့ဝန်ဆောင်မှုများကို ပေါင်းစပ်ဖို့ ရည်ရွယ်ပါတယ်။ အသုံးပြုသူများရဲ့ အကြံပြုချက် မတူညီလေ thePAY ရဲ့ တည်ရှိမှုက ပိုပြီး တမူထူးခြားလာနိုင်ပါတယ် ။ အကြံပြုချက် မတူညီနိုင်တဲ့ အသုံးပြူသူများနှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် thePAY ရဲ့ အကျိုးသက်ရောက်မှုက ပိုမို ကြီးထွားလာစေပါတယ်

    • အနာဂတ်အတွက် thePAY

      တောင်ကိုးရီးယားရှိ မိုဘိုင်းဖုန်းဘေလ်ဖြည့်ခြင်း လုပ်ငန်းများထဲမှာ ကနဦး ဦးဆောင်သူတစ်ဦးအနေဖြင့် thePAY ကတော့ အသုံးပြုသူ တိုင်းအတွက် အမျိုးအစားအသစ်များ၊ ကွဲပြားတဲ့ အကြောင်းအရာများ ၊ကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းဖြင့် သုံးစွဲသူကိုစိတ်ကြေနပ်မှုရစေနိုင်ပါတယ် thePAY ရဲ့ ကတိကဝတ်မှာ အသုံးပြုသူများဆီမှအကြံပြုချက်များဖြင့် thePAY App ကိုပိုမိုကောင်းမွန်လာဖို့ ဖြစ်ပါတယ်

    • နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ဝန်ဆောင်မှုများ

      နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ဝန်ဆောင်မှုများ ဖုန်းငွေဖြည့်ဝန်ဆောင်မှုများအပါအဝင် တခြားအမျိုးအစားပေါင်းစုံကိုလဲ ဖြည့်သုံးနိုင်ပါတယ် မီတာခနှင့် ရေခ အစရှိသဖြင့် နေထိုင်မှု အခွန်အခများကိုလဲ ပေးဆောင်နိုင်ပါတယ် အသုံးပြုသူမိတ်ဆွေများအတွက် ကိုးရီးယားမှာနေထိုင်စဉ်အတွင်း ပိုမိုကောင်းမွန်တဲ့ နေထိုင်မှု ဘဝကို ခံစားနိုင်ဖို့ သုံးစွဲသူများအတွက် ဗဟုသုတ အကြောင်းအရာများနှင့် ဝန်ဆောင်မှုတချို့ကိုလဲ ထောက်ပံ့ပေးထားသလို စိတ်ကြေနပ်မှု ရရှိစေဖို့ ဆက်လက် ကြိုးစားလုပ်ဆောင်နေပါတယ်

    • ကွဲပြားတဲ့အကြံပြုချက်များကို လေးစားခြင်း

      thePay ကို အသုံးပြုသူများကို အထူးတန်ဖိုးထားပါတယ် ကိုးရီးယားမှာ လက်ရှိနေထိုင်နေတဲ့ ကမ္ဘာတစ်ဝှမ်းမှ သူများထဲမှ thePAY ကို အာရှနိုင်ငံ 11နိုင်ငံရဲ့ အသုံးပြုကြပါတယ် မိခင်ဘာသာစကားပေါင်းစုံဖြင့် ထောက်ပံ့ ပေးခြင်းဖြင့် ပိုမိုအဆင်ပြေစွာအသုံးပြုရန် ၀န်ဆောင်မှုပေးထားပါတယ်

    brand image

    thePAY ရဲ့ ကြိုးစားမှုနှင့် အိမ်မက်

    thePAY ကတော့ 2010 ခုနှစ်တွင် ဖုန်းငွေဖြည့်ဝန်ဆောင်မှုအဖြစ် စတင်ခဲ့ပြီး ယနေ့အချိန်ထိ စဉ်ဆက်မပြတ် အောင်မြင်မှုများကို ရရှိခဲ့ပါတယ်။

    • 2023

      thePAY ဖုန်းငွေဖြည့် လုပ်ငန်းတွင် နံပါတ် 1 အနေဖြင့် ကိုးရီးယား ပြည်တွင်းတွင်နေထိုင်နေတဲ့ နှစ်ရှည်နိုင်ငံခြားသားများထဲမှ လူဦးရေ 500,000 သိန်းကျော် အသုံးပြုလျှက်ရှိပါတယ်။

    • 2021

      Face အိုင်ဒီ ၊အဆင့်မြင့် ငွေပေးချေမှု စနစ်များ၊လွယ်ကူသော ငွေပေးချေစနစ်များကို အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။

    • 2020

      thePAY မှ ပြည်ပခေါ်ဆိုကုဒ် SK 00301 ကို ထည့်သွင်းခဲ့ပြီး တရုတ်နိုင်ငံတွင်အသုံးများသော Wechat ငွေပေးချေ ဝန်ဆောင်မှုကိုလည်း ထပ်မံတိုးချဲ့ခဲ့ပါတယ်။

    • 2018

      thePAY မှ နိုင်ငံ 12နိုင်ငံရှိ ဖုန်းလိုင်းများ၊ အွန်လိုင်းဂိမ်းများအတွက် ငွေဖြည့်ခြင်း ဝန်ဆောင်မှုကို စတင်တည်ထွင်ခဲ့ပါတယ်။

    • 2017

      thePAY တွင် နိုင်ငံ 11 နိုင်ငံမှ နိုင်ငံခြားသားများကို ခန့်အပ်ပြီး သုံးစွဲသူများ အဆင်ပြေအောင် ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။ ( အင်္ဂလိပ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊နီပေါ၊ သီရိလင်္ကာ၊ဥဇဘက်ကစ္စတန်၊အင်ဒိုနီးရှား၊ မွန်ဂို၊ ထိုင်း၊ဗီယက်နမ်)

    • 2016

      နိုင်ငံခြားသားသုံး ဖုန်းငွေဖြည့်ဝန်ဆောင်မှုအဖြစ် thePAY ကို တည်ထွင်ခဲ့ပါတယ် (Android, iOS)

    • 2014

      ပြည်တွင်းတွင် ပထမဦးဆုံးငွေဖြည့် APP ကို တည်ထွင်ခဲ့ပါတယ်။

    • 2013

      spam မက်ဆေ့နှင့် ဖုန်းခေါ်ဆိုလာမှုကို ဘလော့(ပိတ်ပင်)တဲ့ app ၊ KT HooHoo app ကို တီထွင်ပြုလုပ်ခဲ့ပြီး app ဒေါင်းလော့လုပ်သူ 10 သန်း ရှိခဲ့ပါတယ်

    • 2012

      ဘတ်ဂျက်ဖုန်းလိုင်းအတွက် ဝန်ဆောင်မှုပေးတဲ့ (SK၊ KT၊ LG လက်အောက်ခံများ) အတွက် MVNO ငွေပေးချေမှု နည်းလမ်းဖြေရှင်းပေးခြင်း ၊ထောက်ပံ့ခြင်းနှင့် စနစ် ပြုပြင်ထိန်းသိမ်းခြင်း

    • 2008

      Hi070 အင်တာနက် ခေါ်ဆိုမှု ဝန်ဆောင်မှုကို စတင်ပြီး Gasan-dong ရှိ ရုံးချုပ်အသစ်သို့ ပြောင်းရွှေ့ခြင်း

    • 2003

      အင်တာနက်နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများအတွက် VoiP ဘေလ်ပေးချေမှု ဖြေရှင်းချက်အတွက်ကိုယ်တိုင် တီထွင်ခြင်း။ အဓိကဆက်သွယ်ရေးကုမ္ပဏီများအတွက် ထောက်ပံ့မှုနှင့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပေးခြင်း

    • 2000

      Telecentro Co., Ltd ကိုတည်ထောင်

    ကျွန်ုပ်တို့ရဲ့ သဘောထားနှင့် တာဝန်သိစိတ်

    thePAY ရဲ့တန်ဖိုးသည် ကျွန်ုပ်တို့ရဲ့ အသုံးပြုသူများအား ပေးလိုသောသတင်းစကားလည်းဖြစ်ပါတယ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ဖောက်သည်များရဲ့ ယဉ်ကျေးမှုကိုနားလည်ပြီး ကျွန်ုပ်တို့၏ အမှတ်တံဆိပ်မက်ဆေ့ခ်ျကို ပေးဆောင်ရန် လုပ်ဆောင်ပါသည်။

    • အတူတကွ လုပ်ဆောင်ခြင်း

      အမျိုးမျိုးသော ယဉ်ကျေးမှုများကို သိရှိနားလည်ရန်အတွက် အတူတကွ လုပ်ဆောင်ပြီး ပျော်ရွှင်မှုများကို အတူဝေမျှလျှက်ရှိပါတယ်။

    • အတူလက်တွဲပြီး အောင်မြင်မှုဆီသို့

      ယုံကြည်စိတ်ချရတဲ့အပြင် အားကိုးလို့ရပါတယ်။ မတူညီကွဲပြားတဲ့ဘာသာစကားများနှင့် ယဉ်ကျေးမှုများမှတစ်ဆင့် အချင်းချင်းရဲ့လိုအပ်ချက်များကို ပံ့ပိုးခြင်းဖြင့် အားအင်များကို ရရှိပါတယ်။

    • အကူအညီ လိုအပ်တဲ့အချိန်တိုင်းမှာ အတူတကွ

      thePAY မှာတော့ ပြီးပြည့်စုံသောသူဆိုတာ မရှိပါဘူး။ လိုအပ်ချက်အနည်းငယ်ရှိတဲ့သူများပေါင်းစည်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဆင်မပြေမှုများရှိလာတဲ့အခါ အတူတကွ ဖြေရှင်းပေးခြင်းဖြင့် ကူညီပေးသွားမှာဖြစ်ပါတယ်။

    • တာဝန်ယူ ဖြေရှင်းပေးခြင်း

      thePAY ကတော့ အမြဲ အတူရှိပြီး ယုံကြည်မှုများရရှိအောင် စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်။ အသစ်သစ်သော လုပ်ငန်းများ ၊ အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ဖြစ်စေရန်အတွက် တာဝန်ယူမှုကို ရင်ဝယ်ပိုက်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်။

    brand image
    brand image