{title}

Please Select a Language.

    ဖုန်းငွေဖြည့်ခြင်းအားလုံးအတွက် thePAY ကို အသုံးပြုနိုင်ပါတယ်။

    • လွယ်ကူစွာငွေဖြည့်ပြီး ချက်ချင်း ဖုန်းခေါ်ဆိုနိုင်ခြင်း

      ကိုးရီးယားမှာနေထိုင်နေတဲ့ နိုင်ငံခြားသား အားလုံးအတွက် ကဒ်ဖုန်းဘေလ် ဖြည့်ခြင်း ဝန်ဆောင်မှုဖြစ်ပါတယ်။ ဖုန်းဘေလ်အတွက် သာမက ပြည်ပ ခေါ်ဆိုရန်ဖြည့်ခြင်း၊ အင်တာနက်ဒေတာဖြည့်ခြင်း၊ မိုဘိုင်းဝန်ဆောင်မှုများ အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။ လိုအပ်တဲ့ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး ငွေဖြည့်အသုံးပြုနိုင်ပြီး တခြားသူများအတွက်လဲ လက်ဆောင်အဖြစ်လည်းဖြည့်ပေးနိုင်ပါတယ်။

    • ပြည်ပ (သို့) မြန်မာမှ ဖုန်းနံပါတ်များအတွက် ဖုန်းဘေလ် လက်ဆောင်ဖြည့်ပေးခြင်း

      thePAY မှ တဆင့် မိမိ ကဒ်ဖုန်းနံပါတ် အတွက်သာမက ပြည်ပမှာရှိတဲ့ မိသားစု သူငယ်ချင်းများရဲ့ ဖုန်းနံပါတ်များသို့လည်း လက်ဆောင်အဖြစ် ဘေလ် ဖြည့်သွင်းပေးနိုင်ပါတယ်။

    • စရံငွေ ကြိုတင်ပေးချေထားပါက ပွိုင့်လက်ဆောင်များလည်း ရရှိနိုင်ခြင်း

      ရိုးရိုးကဒ်ဖုန်း၊ လ ပေးကဒ်နှုန်းထားများအတွက် အမြဲဖြည့်သုံးသူဖြစ်ပါက thePAY Cash စရံငွေကြိုတင်ပေးချေထားနိုင်ပါတယ်။ thePAY Cash ထဲမှာ ငွေကြိုတင်ပေးချေဖြည့်တဲ့အခါတိုင်း ပေးချေတဲ့ပမာဏရဲ့ 1% ကို ပွိုင့်လက်ဆောင်ရရှိနိုင်ပါတယ်။

    • ပွိုင့်လက်ဆောင် စုဆောင်းခြင်း နှင့် ပွိုင့်လက်ဆောင် အသုံးပြုခြင်း

      App ကို Login ပြုလုပ်ရုံဖြင့် ပွိုင့်လက်ဆောင် 2,000 ရရှိနိုင် ! ငွေဖြည့်သည့်ပမာဏ ၊ Lucky Box, ကံစမ်းမဲ အစီအစဉ်များ တွင် ပါဝင်ခြင်းဖြင့်လည်း ပွိုင့်လက်ဆောင်များ ရရှိနိုင်ပါတယ်။ နည်းနည်းချင်းဆီ စုဆောင်းခြင်းဖြင့် ရရှိလာတဲ့ ပွိုင့်များကိုတော့ ငွေဖြည့်ရာတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။

    • ယုံကြည်စိတ်ချရပြီး လွယ်ကူသော ငွေပေးချေမှုစနစ်

      အ ကြွေးဝယ်ကဒ်၊ ဘဏ်အကောင့်များသာမက လွယ်ကူသော ငွေပေးချေခြင်း EZ PAY လည်း အသုံးပြုနိုင်ပါတယ်။ အသုံးလိုအပ်တဲ့အခါတိုင်း ဘယ်အချိန် ဘယ်နေရာမှာ မဆို ဘေလ်ဖြည့်အသုံးပြုနိုင်ပါတယ်။