{title}

Please Select a Language.

    ဖုန်းငွေဖြည့်ခြင်းအားလုံးအတွက် thePAY ကို အသုံးပြုနိုင်ပါတယ်။

    • လွယ်ကူစွာငွေဖြည့်ပြီး ချက်ချင်း ဖုန်းခေါ်ဆိုနိုင်ခြင်း

      ကိုးရီးယားမှာနေထိုင်နေတဲ့ နိုင်ငံခြားသား အားလုံးအတွက် ကဒ်ဖုန်းဘေလ် ဖြည့်ခြင်း ဝန်ဆောင်မှုဖြစ်ပါတယ်။ ဖုန်းဘေလ်အတွက် သာမက ပြည်ပ ခေါ်ဆိုရန်ဖြည့်ခြင်း၊ အင်တာနက်ဒေတာဖြည့်ခြင်း၊ မိုဘိုင်းဝန်ဆောင်မှုများ အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။ လိုအပ်တဲ့ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး ငွေဖြည့်အသုံးပြုနိုင်ပြီး တခြားသူများအတွက်လဲ လက်ဆောင်အဖြစ်လည်းဖြည့်ပေးနိုင်ပါတယ်။

    • ပြည်ပ (သို့) မြန်မာမှ ဖုန်းနံပါတ်များအတွက် ဖုန်းဘေလ် လက်ဆောင်ဖြည့်ပေးခြင်း

      thePAY မှ တဆင့် မိမိ ကဒ်ဖုန်းနံပါတ် အတွက်သာမက ပြည်ပမှာရှိတဲ့ မိသားစု သူငယ်ချင်းများရဲ့ ဖုန်းနံပါတ်များသို့လည်း လက်ဆောင်အဖြစ် ဘေလ် ဖြည့်သွင်းပေးနိုင်ပါတယ်။

    • စရံငွေ ကြိုတင်ပေးချေထားပါက ပွိုင့်လက်ဆောင်များလည်း ရရှိနိုင်ခြင်း

      ရိုးရိုးကဒ်ဖုန်း၊ လ ပေးကဒ်နှုန်းထားများအတွက် အမြဲဖြည့်သုံးသူဖြစ်ပါက thePAY Cash စရံငွေကြိုတင်ပေးချေထားနိုင်ပါတယ်။ thePAY Cash ထဲမှာ ငွေကြိုတင်ပေးချေဖြည့်တဲ့အခါတိုင်း ပေးချေတဲ့ပမာဏရဲ့ 1% ကို ပွိုင့်လက်ဆောင်ရရှိနိုင်ပါတယ်။

    • ပွိုင့်လက်ဆောင် စုဆောင်းခြင်း နှင့် ပွိုင့်လက်ဆောင် အသုံးပြုခြင်း

      App ကို Login ပြုလုပ်ရုံဖြင့် ပွိုင့်လက်ဆောင် 2,000 ရရှိနိုင် ! ငွေဖြည့်သည့်ပမာဏ ၊ Lucky Box, ကံစမ်းမဲ အစီအစဉ်များ တွင် ပါဝင်ခြင်းဖြင့်လည်း ပွိုင့်လက်ဆောင်များ ရရှိနိုင်ပါတယ်။ နည်းနည်းချင်းဆီ စုဆောင်းခြင်းဖြင့် ရရှိလာတဲ့ ပွိုင့်များကိုတော့ ငွေဖြည့်ရာတွင် ပြန်လည်အသုံးပြုနိုင်ပါတယ်။

    • ယုံကြည်စိတ်ချရပြီး လွယ်ကူသော ငွေပေးချေမှုစနစ်

      အ ကြွေးဝယ်ကဒ်၊ ဘဏ်အကောင့်များသာမက လွယ်ကူသော ငွေပေးချေခြင်း EZ PAY လည်း အသုံးပြုနိုင်ပါတယ်။ အသုံးလိုအပ်တဲ့အခါတိုင်း ဘယ်အချိန် ဘယ်နေရာမှာ မဆို ဘေလ်ဖြည့်အသုံးပြုနိုင်ပါတယ်။

    နေ့ရက်တိုင်းအတွက် thePAY, စိတ်ကြိုက် PLAY

    thePAY ကို ဒေါင်းလော့လုပ်ပြီး အသုံးပြုသူ အဖွဲ့ဝင် 500,000 ကျော်က မိမိ ဖုန်းနံပါတ်များသို့ ဖုန်းဘေလ်ဖြည့်ရာတွင်အသုံးပြုရင်းဖြင့် အမျိုးမျိုးသော လွယ်ကူအဆင်ပြေတဲ့ အကျိုးရလဒ်များကို ခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ E-Load ဆိုတာက တော့ thePAY မှ ပေးတဲ့ အထူးဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှ ဖုန်းနံပါတ်များနှင့် အင်တာနက်ဒေတာအား ပြန်လည်ဖြည့်ပေးတဲ့ ဆားဗစ်များဖြစ်ပါတယ်။ မိမိ ဘဏ်ကဒ် အ ကြွေးဝယ်ကဒ်များ သို့မဟုတ် ဘဏ်အကောင့်မှတဆင့် လွယ်ကူလျင်မြန်စွာ ပေးချေပြီး မိုဘိုင်းဂိမ်းများ ကစားနိုင်ပါတယ်။ သိထားသင့်တဲ့ အကြောင်းအရာ၊ ဗဟုသုတမျိုးစုံကိုလဲ ထောက်ပံ့ ပေးထားသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

    ပြည်ပမှဖုန်းများသို့ ဘေလ်ဖြည့်ခြင်း

    thePAY ရဲ့ ပြည်ပမှ ဖုန်းများသို့ ဘေလ်ဖြည့်ပေးခြင်း ဝန်ဆောင်မှုက တော့ မိမိနိုင်ငံမှ မိသားစု၊ သူငယ်ချင်းများ နှင့် အခြားသောနိုင်ငံများမှာ နေထိုင်နေတဲ့ သူငယ်ချင်းများအတွက် ဖုန်းဘေလ်ဖြည့်ပေးနိုင်တဲ့ ဆားဗစ်ဖြစ်ပါတယ်။ အင်တာနက်ဒေတာနှင့် နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ တခြားအခွန်အခများကိုလည်း ပေးဆောင်နိုင်တာများလဲ ပါဝင်ပါတယ်။ ဖြည့်ပေးလိုတဲ့ နိုင်ငံခြားမှ ဖုန်းနံပါတ်ကို သိရုံဖြင့် အချိန်မရွေး နေရာမရွေးဖြည့်ပေးနိုင်ပါတယ်။

    ဂိမ်းများအတွက်ဖြည့်ခြင်း

    မိုဘိုင်းဂိမ်းများ၊ Live ပလက်ဖောင်းများအတွက်လည်း ဖြည့်သုံးနိုင်ပါတယ်။ ဂိမ်းအတွင်းရှိ အိုင်တမ်များကိုလည်း ချက်ချင်း ဝယ်ယူနိုင်ပြီး ချက်ချင်း ဆော့ကစားနိုင်ပါတယ်။ နာမည်ကျော် ဂိမ်းများ အတွက်သာမက လူကြိုက်များတဲ့ Live ပလက်ဖောင်းများကိုလည်း thePAY မှာ အလွယ်တကူ ဖြည့်သုံးနိုင်ပါတယ်။

    ပြည်ပ ခေါ်ဆိုရန်ဖုန်းဘေလ်ဖြည့်ခြင်း

    thePAY ရဲ့ ပြည်ပ ခေါ်ဆိုရန်ဖြည့်ခြင်းဆားဗစ်မှတဆင့် ဘေလ်ဖြည့်ပြီး နိုင်ငံတကာသို့ လိုင်းကောင်းကောင်းဖြင့် ခေါ်ဆိုနိုင်ပါတယ်။ ခေါ်ဆိုရာတွင် အင်တာနက်လိုင်းရှိရန်မလိုအပ်ဘဲ ကြည်လင်တဲ့ဖုန်းလိုင်းဖြင့် ခေါ်ဆိုကြည့်လိုက် ရ အောင်။

    တခြားအပိုဆားဗစ်များ

    ငွေလွှဲနှုန်းထားစစ်ဆေးခြင်း
    နေထိုင်မှုသက်တမ်းစစ်ဆေးခြင်းနှင့် ဖုန်းလိုင်းသက်တမ်းတိုးခြင်း
    ဗီဇာ ဆားဗစ်