Google Play Gift Card ဝယ်ယူခြင်းနှင့် Redeem Code အသုံးပြုနည်း FAQ - thePAY

Please Select a Language.

    Google Play ကဒ်ကို ဘယ်လိုဝယ်ရမလဲ?

    • thePAY
    • Date 2023-12-08
    • Hit 11153

    Google Play Gift Card သည် Google Play Store လက်ကျန်ငွေ ဖြည့်ရန် အသုံးပြုသော ကြိုတင်ငွေပေးကတ် ဖြစ်ပါသည်။

    Google Play Store တွင် App၊ ဂိမ်း၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင် နှင့် အခြား ဒစ်ဂျစ်တယ် အကြောင်းအရာ များကို ဝယ်ယူနိုင်ပါသည်။

     

    thePAY တွင် Google Play Gift Card ဝယ်ယူနည်း


    1. thePAY APP ကိုဒေါင်းလော့လုပ်ပြီး  Google ကို ရွေးပါ။
    2. ဝယ်ယူလိုသော Google Gift Card ပမာဏကို ရွေးပါ။
    3. Card ပင်ကုဒ် လက်ခံမည့် Email ကို ထည့်ပါ။
    4. ငွေပေးချေပြီးနောက် Card ပင်ကုဒ် နှင့် Redeem Link ကို Email သို့ ပို့ပေးပါမည်။


    သတိပြုရန်: 

    Korea Google Play Store တွင်သာ Redeem ပြုလုပ်နိုင်ပါသည်။ Redeem မရပါက Google Play Store အကောင့်ရဲ့"Account and device preferences" ထဲရှိ "Country and profiles" ကို "Korea (대한민국)" အဖြစ် သတ်မှတ်ထားခြင်းရှိမရှိ စစ်ဆေးပါ။
    နိုင်ငံခြား VPN ကို အသုံးပြုနေပါက Redeem မရနိုင်ပါ။ VPN သို့မဟုတ် Wi-Fi ကို ပိတ်ပြီး ထပ်မံ Redeem ပြုလုပ်ကြည့်ပါ။


    အသုံးပြုပြီးသော Code သို့မဟုတ် အခြား Account တွင် Redeem ပြုလုပ်ထားသော Code များကို Cancel သို့မဟုတ် Refund မရနိုင်ပါ။ Redeem မလုပ်မီ Login ဝင်ထားသော Account ကို သေချာစစ်ဆေးပါ။


    Google Play Gift Code အသုံးပြုနည်း

    Email မှ ရရှိသော Link ကို နှိပ်ပြီး Redeem ပြုလုပ်နိုင်ပါသည်။

    Link ဖြင့် မရပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။

     

    1)Google Play App ကို ဖွင့်ပါ။
    2)Profile Icon ကို နှိပ်ပါ။
    3)Payments & subscriptions ကို ရွေးပါ။
    4)Redeem code ကို နှိပ်ပါ။
    5)16 လုံး Code ကို ထည့်ပြီး Redeem ပြုလုပ်ပါ။

     

    Redeem နည်း (Video) : https://youtube.com/shorts/X6P15Ptt5DA?si=_kMcLIhEFY7afPwk