Apple (iTunes) အတွက်ဖြည့်ချင်ရင် ဘယ်လိုဖြည့်သုံးရမလဲ?
- thePAY
- Date 2023-12-08
- Hit 9030
Apple iTunes Gift Card ကို iTunes Store၊ App Store၊ iBooks Store နှင့် Mac App Store တို့တွင် App များ၊ Game များ၊ သီချင်းများ၊ ရုပ်ရှင်များ၊ TV အစီအစဉ်များနှင့် အခြားသော Content များကို ဝယ်ယူရန် အသုံးပြုနိုင်ပါသည်။
လက်ခံရရှိသူသည် iPhone၊ iPad သို့မဟုတ် iPod တွင် အဆိုပါ Content များကို အသုံးပြုနိုင်ပြီး၊ Mac သို့မဟုတ် PC ကွန်ပျူတာတွင်လည်း ကြည့်ရှုခြင်းနှင့် နားဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။
thePAY တွင် iTunes Gift Card ၀ယ်ယူရန်နည်းလမ်း
- thePAY APP ကို အရင်ဆုံး ဒေါင်းလော့လုပ်ပြီးနောက် Apple ကို ရွေးချယ်ပါ။
- သင်ဝယ်ယူလိုတဲ့ Apple Gift Card ပမာဏကို ရွေးချယ်ပါ။
- ကတ်နံပါတ်ကို လက်ခံရယူမဲ့ အီးမေးလ်လိပ်စာကို ဖြည့်စွက်ပါ။
- ငွေပေးချေပြီးနောက် သင့်မေးလ်ထဲသို့ ဝယ်ယူထားတဲ့ ပင်ကုဒ်နံပါတ်နှင့်အတူ သင်ရဲ့ Apple ဗားရှင်းပြောင်းလဲနိုင်တဲ့ နည်းလမ်းများ ဝင်ရောက်လာပါလိမ့်မယ်
-
သင့်ရဲ့ apple အိုင်ဒီဗားရှင်းက ကိုးရီးယား ဗားရှင်းဖြစ်နေပါက US ဗားရှင်းပြောင်းပြီးမှသာဝယ်ယူထားတဲ့ကုဒ်ကို ဖြည့်စွက်အသုံးပြုနိုင်ပါတယ်
(Apple Store →Account ID → Country&Region → USA)
သတိပြုရန်
အသုံးပြုရန်အတွက် App Store ထဲရှိ နိုင်ငံ (Country/Region) ကို အမေရိကန် (United States) သို့ ပြောင်းလဲထားရပါမည်။
အမေရိကန် App Store တွင် Gift Card လက်ကျန်ငွေကို အပြည့်အဝ အသုံးပြုပြီးမှသာ Korea App Store သို့ ပြန်လည်ပြောင်းနိုင်ပါသည်။ ထိုသို့ ပြောင်းပြီးမှ iPhone နှင့် ကိုရီးယား App များကို Update ပြုလုပ်နိုင်ပါသည်။
ဝယ်ယူပြီးပါက ပြန်လည်ကင်ဆယ်လုပ်ခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းများ မပြုလုပ်နိုင်ပါ။
ဝယ်ယူထားသောကဒ်ကိုအသုံးပြုနည်းလမ်း:
