PUBG (Battle Ground) တွင် UC ဖြည့်ခြင်းနှင့် လက်ဆောင်ပေးခြင်းကို ဘယ်လိုလုပ်ဆောင်ရမလဲ?
- thePAY
- Date 2023-12-08
- Hit 12648
PUBG (PlayerUnknown’s Battlegrounds Mobile) သည် battle royale စတိုင် ဂိမ်းတစ်ခုဖြစ်ပါသည်။
ဂိမ်းကို အခမဲ့ download လုပ်နိုင်ပြီး, thePAY မှတဆင့် PUBG Mobile UC ကို Player ID ဖြင့် တိုက်ရိုက်ဝယ်ယူဖြည့်စွက်နိုင်သလို UC ၀ယ်ယူနိုင်သည့်ပင်ကုဒ်ကိုလဲ ဝယ်ယူနိုင်ပါသည်။
PUBG UC ၀ယ်ယူမည့်ပင်ကုဒ်သည် PUBG မိုဘိုင်းဂိမ်းအတွင်း အသုံးပြုသော UC (Unknown Cash) အဖြစ် လဲလှယ်နိုင်သည့် 18 လုံးပါ code တစ်ခုဖြစ်ပါသည်။
UC code ကို အသုံးပြုပါက သက်ဆိုင်ရာ UC ပမာဏသည် သင့် account ထဲသို့ ၀င်ရောက်လာမှာဖြစ်ပြီး၊ ဂိမ်းအတွင်း item များကို ဝယ်ယူအသုံးပြုနိုင်ပါသည်။ UC ဖြင့် skin များ၊ weapon များ စသည်တို့ကို ဝယ်ယူနိုင်ပါသည်။
ဝယ်ယူလိုသော UC ပမာဏကို ရွေးချယ်ဝယ်ဖြည့်နိုင်ပါသည်။ PUBG Mobile တွင် UC ပိုများလေ၊ အကောင်းဆုံး upgrade များနှင့် ပိုမိုပျော်ရွှင်စွာ ကစားနိုင်ပါသည်။
thePAY တွင် PUBG Mobile UC ပင်ကုဒ် (Global) စနစ်ဖြင့် ဖြည့်ခြင်း / လက်ဆောင်ပေးခြင်း ပြုလုပ်နည်း
PUBG UC ကို ဝယ်ယူရန် နည်းလမ်း ၂ မျိုးရှိပါသည်။ Email သို့ပို့ပေးလာသော ပင်ကုဒ်ကို အသုံးပြုခြင်း (သို့) Player ID ထဲသို့ UC ကို တိုက်ရိုက်ဖြည့်ခြင်းနည်းလမ်းများရှိပါသည်။
1)the PAY app ကို ဒေါင်းလော့ပြုလုပ်ပြီး “ဂိမ်းကဒ်၊လက်ဆောင်ကဒ်ဖြည့်ခြင်း” ခလုတ်ကိုနှိပ်ပါ။
2) PUBG ID တိုက်ရိုက်ဖြည့်အမျိုးအစားအတွက် UC ပမာဏနှင့် Player ID ကို ရွေးချယ်ပြီးငွေဖြည့်ခြင်း ကိုနှိပ်ပါက သက်ဆိုင်ရာ အိုင်ဒီ account ထဲသို့ UC တိုက်ရိုက် ဝင်ရောက်ပါမည်။
3)PUBG ပင်ကုဒ်မှတဆင့်ဖြည့်သည့်အမျိုးအစားအတွက် UC ပမာဏနှင့် code လက်ခံမည့် email လိပ်စာကို ဖြည့်စွက်ပါ။ ထို email သို့ ပင်ကုဒ်နံပါတ်ကို ချက်ချင်း ပို့ပေးပါမည်။
4)https://www.midasbuy.com/midasbuy/us/redeem/pubgm သို့ ဝင်ရောက်ပြီး ပင်ကုဒ်ကို redeem ပြုလုပ်ပါ။
(ဂိမ်းID နံပါတ်ကိုဖြည့်စွက်ပြီးနောက် ID ဘေးတွင် ပြသထားသော nickname သည် သင့် nickname ဖြစ်မဖြစ် သေချာစစ်ဆေးပြီးမှ redeem ခလုတ်ကို နှိပ်ပါ)
5) လက်ဆောင်ပေးလိုပါက လက်ခံမည့်သူရဲ့ Player ဂိမ်း ID (သို့)email လိပ်စာကို ထည့်သွင်းပေးနိုင်ပါသည်။
영상
သတိပြုရန်:
PUBG သည် Global ID (5 ဖြင့် စတင်သော ID) သာ အသုံးပြုနိုင်ပါသည်။
Korea ID (6 ဖြင့် စတင်သော ID) ကို ဖြည့်သုံး၍ မရပါ။ ဖြည့်သုံးလိုပါက Google Play / Apple Gift Card ဖြင့် သီးခြားဖြည့်သုံးရန်လိုအပ်ပါသည် (thePAY app မှတဆင့်လဲဝယ်ယူနိုင်ပါသည်)။
ID မှားထည့်ပြီးဖြည့်စွက်ပြီးပါက cancel သို့မဟုတ် refund မရနိုင်ပါ။ ထို့ကြောင့် ID ကို သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ။
PUBG Mobile Player ID ကို ဘယ်လိုရှာဖွေကြည့်ရှုနိုင်သလဲ?
1) ဂိမ်းကို login ဝင်ပါ
2) Profile ကိုဖွင့်ပါ
3) သင့် PUBG Player ID ကို အပေါ်တွင် တွေ့နိုင်ပါသည်


